Su Myat Naing

ကျွန်မက ခရီးသွားရတာ နှစ်သက်တဲ့အတွက် ခရီးသွားကုမ္ပဏီတစ်ခုမှာ ခရီးသွားအကြံပေးအဖြစ် အလုပ်လုပ်ကိုင်ပါတယ်။ ၂၀၁၈ ခုနှစ် နှစ်လယ်လောက်မှာ ကျွန်မ Pearl and Fancy Making Workshop ဆိုတဲ့ သင်တန်းကြော်ငြာလေးတစ်ခုကို တွေ့တော့ စိတ်ဝင်စားလို့ သွားတက်ဖြစ်ပါတယ်။ သင်တန်းပြီးတော့ အားတဲ့အချိန်မှာ ဟန်းမိတ် ဆွဲကြိုး၊ နားကပ်၊ လက်ကောက်လေးတွေ လုပ်ဖြစ်ပါတယ်။ ကျွန်မလုပ်ထားတဲ့ ဟန်းမိတ်ပစ္စည်းလေးတွေကို ကျွန်မရဲ့သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက သဘောကျလို့ ဝယ်ယူကြတဲ့အတွက် online ကနေ ဖြန့်ချိရောင်းချဖို့ အိုင်ဒီယာ ရခဲ့တာပါ။ ကျွန်မက အဲ့အချိန်ကစပြီး ဟန်းမိတ်လတ်ဝတ်ရတနာအမျိုးမျိုးကို တီထွင်ဖို့ ရူးသွပ်ခဲ့ပါတယ်။ အဲ့တာကြောင့် သတ်ဆိုင်ရာ ပညာရပ်အမျိုးမျိုးကိုလည်း တစိုက်မတ်မတ် ဆက်လက်လေ့လာဆည်းပူးနေပါတယ်။ ကျွန်မရဲ့လုပ်ငန်းက လက်မှုနည်းပညာ အဓိက ဖြစ်ပေမယ့် ကျောက်အမျိုးမျိုးကို အသုံးပြုရပါတယ်။ ရတနာလုပ်ငန်းနဲ့ဆက်စပ်နေတဲ့အတွက် မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ မှန်ကန်တဲ့ ပစ္စည်းများကို ဝယ်ယူသုံးစွဲသူများထံ ဝန်ဆောင်မှုပေးနိုင်အောင် Yangon Gemological Institute and Laboratory မှာ Advanced Gemology Course ကိုလည်း လေ့လာပြီးမြောက်ထားပါတယ်။ Gemological Institute of America ကပေးအပ်တဲ့ Diploma in Applied Jewelry Professional (A.J.P) ကိုလည်း ရရှိထားပါတယ်။ ကိုယ်တိုင်လက်နဲ့ ဖန်တီးရတာကိုနှှစ်သက်တဲ့အတွက် Metalsmithing/silversmithing technique တွေကိုလည်း Fairy Jewelry Design School မှာ တက်ရောက်ဆည်းပူးထားပါတယ်။ ကျွန်မကိုယ်တိုင် ဟန်းမိတ်လေးတွေ လုပ်ရတာကိုပျော်တဲ့အပြင် ကျွန်မလိုပဲ အားလပ်ချိန်မှာ ဟမ်းမိတ်လက်ဝတ်ရတနာလေးတွေ ပြုလုပ်ချင်တဲ့ သူတွေအတွက် ပညာမျှဝေချင်တဲ့ ဆန္ဒနဲ့ ၂၀၁၉ ခုနှစ်ထဲမှာ အလျင်းသင့်သလို Jewelry Making Workshop လေးတွေ စတင်ပြုလုပ်ပေးဖြစ်ပါတယ်။ ဟန်းမိတ် လက်ဝတ်ရတနာ ပြုလုပ်ဖို့ စိတ်ပါဝင်စားတဲ့သူတွေအားလုံးကို သင်တန်းလေး လာတက်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

Su Myat Naing

It seems we can’t find what you’re looking for. Perhaps searching can help.